ကိုယ်ခန္ဓာတွင် ပို၍ အားနည်းသည်ဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများသည် အမှန်တွင်မူ မရှိမဖြစ်သောအစိတ်အပိုင်းများဖြစ်ကြပြီး
၁ ကော 12:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပို၍ ဂုဏ်သရေနည်းသည်ဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများကို ကျွန်ုပ်တို့သည် အထူးအလေးပေး ဆင်ယင်ကြ၏။ အမြင်မတင့်တယ်သော အစိတ်အပိုင်းများကိုလည်း ဂရုတစိုက် ဖုံးအုပ်ဆင်ယင်တတ်ကြ၏။ Common Language Bible ယုတ်သည်ဟုထင်ရသောအင်္ဂါအစိတ်အပိုင်း များကိုပို၍ပင်ငါတို့ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမရှိသည့်အင်္ဂါအစိတ်အပိုင်း များကိုပို၍တင့်တယ်အောင်မွမ်းမံကြရ၏။- Garrad Bible ငါ တို့ သည် ကိုယ် ခ န္ဓာ တွင် ယုတ် သည် ဟု ထင် မှတ် သော အင်္ဂါ များ ကို အ သ ရေ ထူး ပေး ကြ သ ဖြင့် တင့် တယ် ပြီး အင်္ဂါ များ၌ ထပ်၍ မ တင့် တယ် လို သော် လည်း မ တင့် တယ် သော အင်္ဂါ များ မှာ တင့် တယ် ခြင်း အ ထူး ရှိ တတ်၏။ Judson Bible တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။ |
ကိုယ်ခန္ဓာတွင် ပို၍ အားနည်းသည်ဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများသည် အမှန်တွင်မူ မရှိမဖြစ်သောအစိတ်အပိုင်းများဖြစ်ကြပြီး
အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုမူ ထိုသို့ ပြုရန် မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်သရေနည်းသော အင်္ဂါအစိတ်အပိုင်းများအား ပို၍ ဂုဏ်သရေရှိစေ၍ ကိုယ်ခန္ဓာကို ဖွဲ့စည်းတော်မူ၏။
သို့သော်လည်း အမျိုးသမီးများသည် မိမိတို့ဣန္ဒြေနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်းတို့ကို ဆက်လက်ထိန်းသိမ်းမည်ဆိုလျှင် သားဖွားရသောအမှုဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
ထိုနည်းတူ အမျိုးသမီးတို့သည်လည်း ကျစ်ဆံမြီးမကျစ်ဘဲ၊ ရွှေ၊ ပုလဲ စသည့်လက်ဝတ်ရတနာ၊ သို့မဟုတ် တန်ဖိုးကြီး အဝတ်အစားတို့ကို မဆင်မြန်းဘဲ ဣန္ဒြေ သိက္ခာဖြင့် သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ရန် ကျွန်ုပ်အလိုရှိ၏။