အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 12:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​သိသည့်​အတိုင်း ဧသော​သည် နောက်မှ ဖခင်​၏ ကောင်းချီး​ကို အမွေဆက်ခံလို​သော်လည်း ငြင်းပယ်ခံရ၏။ မျက်ရည်ကျ​၍ တောင်း​သော်လည်း ဖခင်​၏​စိတ်​ကို မပြောင်းလဲနိုင်ပေ။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သိ​သည့်​အ​တိုင်း သူ​သည်​နောင်​အ​ခါ​မှ ဖ​ခင်​၏​ကောင်း​ချီး​ကို​ခံ​ယူ​ရန်​အ​လို​ရှိ​၏။ သို့​ရာ​တွင်​မ​ရ​ရှိ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မိ​မိ​ပြု​ပြီး​သည့်​အ​မှု​ကို​ပြန်​လည် ပြင်​ဆင်​ရန် နည်း​လမ်း​ကို​မျက်​ရည်​ကျ​လျက် ရှာ​သော်​လည်း​မ​တွေ့​နိုင်​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း သူ​သည် နောက်မှ ကောင်းချီး​မင်္ဂလာ​ကို​အမွေ​ဆက်ခံ​လို​သော်လည်း ငြင်းပယ်​ခြင်း​ခံရ​၍ ၎င်း​ကို မျက်ရည်​ဖြင့်​ပြန်တောင်း​သော်လည်း နောင်တရ​သော​အခွင့်​ကို မ​ရရှိ​ခဲ့​ပေ။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 12:17
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ငါ​သည် သူတို့​အား ‘အို မတရားမှု​ပြုသောသူတို့… သင်တို့​ကို မည်သည့်အခါ​ကမျှ ငါ​မသိခဲ့။ ငါ့​ထံမှ ထွက်သွားကြ’ ဟု ပြောမည်။


သို့သော် ဆူးပင်​အမျိုးမျိုး​ကို​သာ ပေါက်ပွားစေ​လျှင် ထို​မြေ​သည် အသုံး​မဝင်ဘဲ ကျိန်ခြင်း​ခံရ​ပြီး အဆုံး​တွင် မီးရှို့​ခံရ​လိမ့်မည်။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။