ဟေဗြဲ 11:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောကသည် သူတို့နှင့် မထိုက်တန်။ သူတို့သည် တောကန္တာရ၊ တောင်တန်းများ၊ လှိုဏ်ဂူများ၊ မြေတွင်းများ၌ ကျင်လည်ကြ၏။ Common Language Bible ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။ Judson Bible ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည် နေရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။ |