ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
ဟေဗြဲ 11:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေ၏ မိဘများသည် သားဖြစ်သူမှာ နှစ်လိုဖွယ်ကောင်းသူဖြစ်သည်ကို မြင်လျှင် ယုံကြည်ခြင်းဖြင့် ရှင်ဘုရင်အမိန့်ကို မကြောက်ဘဲ မွေးဖွားပြီးနောက် သုံးလတိုင်တိုင် သူ့ကို ဝှက်ထားကြ၏။ Common Language Bible မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။ Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် မော ရှေ ဖွား မြင် သည့် ကာ လ မိ ဘ တို့ သည် အ ဆင်း လှ သော သူ ငယ် ဖြစ် ကြောင်း သိ မြင်၍ ဘု ရင် မင်း အ မိန့် တော် ကို မ ကြောက် ဘဲ သုံး လ ပတ် လုံး ဝှက် ထား ကြ ၏။ Judson Bible မောရှေကို ဖွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံး သူ့ကို ဝှက်ထားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။ |
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
ထိုသို့သောအချိန်ကာလတွင် မောရှေမွေးဖွားလာရ၏။ သူသည် ဘုရားသခင်ရှေ့တော်၌ နှစ်လိုဖွယ်ကောင်းသူဖြစ်၏။ မောရှေသည် မိဘအိမ်တွင် သုံးလတိုင်တိုင် ပြုစုစောင့်ရှောက်ခြင်းခံရ၏။
ထို့ကြောင့် “ထာဝရဘုရားသည် ကျွန်ုပ်ကို ကူညီမစတော်မူသည်ဖြစ်၍ ကျွန်ုပ်သည် မကြောက်ရွံ့။ လူသည် ကျွန်ုပ်ကို မည်သို့ပြုနိုင်မည်နည်း” ဟု ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချမှုနှင့် ပြောနိုင်ကြ၏။