သူတို့၏အလောင်းများကို ရှေခင်မြို့သို့ သယ်ယူပြီးလျှင် ဟာမော်၏သားများထံမှ တန်ကြေးငွေပေး၍ အာဗြဟံဝယ်ယူခဲ့သောသင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။
ဟေဗြဲ 11:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောသပ်သည် မိမိဘဝ၏ နောက်ဆုံးအချိန်နီးသောအခါ ယုံကြည်ခြင်းဖြင့် အီဂျစ်ပြည်မှ အစ္စရေးလူမျိုးများ ထွက်မြောက်မည့်အကြောင်းကို ပြောပြီး မိမိအရိုးများကို သယ်ဆောင်သွားရန် ညွှန်ကြားခဲ့၏။ Common Language Bible ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။ Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် ယော သပ် သည် သေ ချိန် နီး သော် ဣ သ ရေ လ အ မျိုး သား တို့ ထွက် လွတ် ခွင့် ရ မည့် အ ကြောင်း မြွက် ဆို လျက် ကိုယ့် အ ရိုး ကောက် မှု နှင့် စပ်၍ အ မိန့် ပ ညတ် ထား ခဲ့ ၏။ Judson Bible ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက်ခြင်းအရာကို ပြ၍၊ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။ |
သူတို့၏အလောင်းများကို ရှေခင်မြို့သို့ သယ်ယူပြီးလျှင် ဟာမော်၏သားများထံမှ တန်ကြေးငွေပေး၍ အာဗြဟံဝယ်ယူခဲ့သောသင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။