‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ဟေဗြဲ 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံမဖြစ်စေမီအထိ ငါ၏ လက်ယာဘက်၌ ထိုင်လော့” ဟု မိန့်တော်မမူခဲ့ပေ။ Common Language Bible ဘုရားသခင်က၊ ``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ ငါ၏လက်ယာဘက်တွင်ထိုင်နေလော့'' ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။ Garrad Bible ၎င်း ပြင် သင့် ရန် သူ တို့ ကို သင့် ခြေ တင် ရာ ငါ မ ဖြစ် စေ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟု မည် သည့် စေ တ မန် တော် ကို ရည်၍ ဗျာ ဒိတ် တော် ရှိ ဖူး သ နည်း။ Judson Bible ထိုမှတစ်ပါး၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တစ်ခါမျှ မိန့်တော်မူဖူးသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူခဲ့ဖူးသနည်း။ |
‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
ထို့ပြင် ငါ၏အုပ်ချုပ်မှုကို မလိုလားသောရန်သူများကို ဤနေရာသို့ ခေါ်လာ၍ ငါ့ရှေ့တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
ဒါဝိဒ်မင်းကိုယ်တိုင် ဆာလံကျမ်းတွင် ရေးသားခဲ့သည်မှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်” ဟု မိန့်တော်မူ၏’ ဟူ၍ ဖြစ်၏။
သို့ရာတွင် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ကောင်းကင်သို့ မျှော်ကြည့်ရာ ဘုရားသခင်၏ဘုန်းတော်နှင့် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသော ယေရှုကို တွေ့မြင်ရ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။