သို့ရာတွင် ယောဟန်က “အကျွန်ုပ်သာလျှင် ကိုယ်တော်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူသင့်သူ ဖြစ်ပါ၏။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံ ကြွလာပါသနည်း” ဟု ဆိုကာ တားမြစ်လေ၏။
လုကာ 9:49 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်ကလည်း “သခင်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။ Common Language Bible ယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။ Garrad Bible ထို အ ခါ ယော ဟန် က သ ခင်၊ လူ တစ် ယောက် သည် ကိုယ် တော်၏ နာ မ တော် နှင့် နတ် များ နှင် ထုတ် နေ သည် ကို တွေ့ မြင်၍ တ ပည့် တော် တို့ နောက် မ လိုက် သော ကြောင့် မြစ် တား ခဲ့ ကြ ပါ သည် ဟု ပြန် လျှောက် ရာ၊ Judson Bible ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သော သူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟု လျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောဟန်က “သခင်၊ သခင်၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။ မြန်မာ ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သော သူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟု လျှောက်သော်၊- |
သို့ရာတွင် ယောဟန်က “အကျွန်ုပ်သာလျှင် ကိုယ်တော်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူသင့်သူ ဖြစ်ပါ၏။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံ ကြွလာပါသနည်း” ဟု ဆိုကာ တားမြစ်လေ၏။
ရှိမုန်ကလည်း “ဆရာ… ကျွန်ုပ်တို့သည် တစ်ညတာလုံး ကြိုးစားဖမ်းကြသော်လည်း ငါးတစ်ကောင်ကိုမျှ မမိပါ။ သို့သော်လည်း ဆရာခိုင်းသောကြောင့် ကျွန်ုပ် ပိုက်ကွန်များကို ချပါမည်” ဟု လျှောက်လေ၏။
ယေရှုထံမှ မောရှေနှင့် ဧလိယတို့ထွက်ခွာချိန်တွင် ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ အကျွန်ုပ်တို့သည် သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါရစေ” ဟု မိမိအဘယ်အရာပြောဆိုသည်ကို မသိဘဲ လျှောက်ဆိုလေ၏။
“ထိုယေရှု၏အမည်နာမဖြင့် မသွန်သင်ရန် တင်းကျပ်သောအမိန့်များကို ငါတို့ထုတ်ပြန်သော်လည်း သင်တို့သည် ဂျေရုဆလင်မြို့ တစ်မြို့လုံးတွင် သွန်သင်ကြပြီ။ ထိုသူ၏သေခြင်း အတွက် ငါတို့၌ တာဝန်ရှိသည်ဟု သင်တို့သည် အပြစ်တင်လိုကြ၏” ဟူ၍ ပြောဆိုလေ၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။