အမျိုးသမီးတို့သည် ကြောက်လန့်ကြသော်လည်း အလွန်ဝမ်းသာ၍ သင်္ချိုင်းဂူမှ အမြန်ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်၏ စကားကို တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
လုကာ 8:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် ဤအခြင်းအရာကို မဖုံးကွယ်နိုင်ကြောင်း သိသောအခါ တုန်လှုပ်လျက် ကိုယ်တော်၏ရှေ့သို့ လာ၍ ဝပ်တွားခယလေ၏။ ထို့နောက် အဘယ်ကြောင့် တို့ထိသည်ကိုလည်းကောင်း၊ မည်ကဲ့သို့ အနာရောဂါ ချက်ချင်းပျောက်ကင်းကြောင်းကိုလည်းကောင်း လူအားလုံးရှေ့တွင် ဝန်ခံပြောဆိုလေ၏။ Common Language Bible အမျိုးသမီးသည်မိမိပြုသည့်အမှုပေါ်သွား ကြောင်းသိရှိသောအခါ တုန်လှုပ်လျက်ရှေ့တော် သို့လာ၍ပျပ်ဝပ်၏။ ထိုနောက်ကိုယ်တော်အား အဘယ်ကြောင့်တို့ထိရသည့်အကြောင်းကို လည်းကောင်း၊ ချက်ချင်းပင်မိမိ၏ရောဂါ ပျောက်ကင်းသွားကြောင်းကိုလည်းကောင်းလူ အပေါင်းတို့၏ရှေ့တွင်လျှောက်၏။- Garrad Bible ပုန်း ကွယ်၍ မ နေ နိုင် ကြောင်း ကို သိ သ ဖြင့် ချဉ်း ကပ် ပျပ် ဝပ် ပြီး လျှင်၊ ကိုယ် တော် ကို မည် သည့် အ တွက် တို့ ကြောင်း၊ တို့ သည့် ခဏ ခြင်း တွင် ကျန်း မာ ရ ကြောင်း များ ကို အား လုံး ရှေ့ ကြား လျှောက်၏။ Judson Bible ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့် တို့သည်ကိုလည်းကောင်း၊ ချက်ချင်း ချမ်းသာရသည်ကိုလည်းကောင်း၊ လူအပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက် ကြားလျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးသည် ဖုံးကွယ်ထား၍မရကြောင်းသိသောအခါ တုန်လှုပ်လျက်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ကိုယ်တော်ကိုတို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ အနာရောဂါချက်ချင်းပျောက်ကင်းခဲ့ပုံကိုလည်းကောင်း လူအပေါင်းတို့ရှေ့တွင် ပြောပြလေ၏။ မြန်မာ ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့် တို့သည်ကိုလည်းကောင်း၊ ချက်ချင်း ချမ်းသာရသည်ကိုလည်းကောင်း၊ လူအပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက် ကြားလျှောက်လေ၏။- |
အမျိုးသမီးတို့သည် ကြောက်လန့်ကြသော်လည်း အလွန်ဝမ်းသာ၍ သင်္ချိုင်းဂူမှ အမြန်ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်၏ စကားကို တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော်ရှေ့တော်သို့ လာ၍ ဝပ်တွားခယလျက် အဖြစ်မှန်အကုန်အစင်ကို လျှောက်လေ၏။
သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကို ထိသဖြင့် ငါ့အထဲမှတန်ခိုးထွက်သည်ကို ငါသိ၏” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “သမီး… သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟု မိန့်တော်မူ၏။
ထောင်မှူးသည် မီးတိုင်ကို တောင်း၍ အလျင်အမြန်ပြေးဝင်ပြီးလျှင် ပေါလုနှင့် သိလတို့ရှေ့၌ ကြောက်ရွံ့တုန်လှုပ်လျက် ပျပ်ဝပ်လေ၏။
ကျွန်ုပ်သည် သင်တို့ထံသို့ ရောက်လာချိန်က အားနည်း၍ ကြောက်ရွံ့လျက်၊ တုန်လှုပ်လျက် ရှိ၏။
သင်တို့အားလုံးက နာခံ၍ ကြောက်ရွံ့တုန်လှုပ်လျက် သူ့အား လက်ခံခဲ့ကြောင်းကို တိတုသည် သတိရသဖြင့် သင်တို့ကို ပို၍ ချစ်ခင်မြတ်နိုးလာ၏။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။