လုကာ 8:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားနာရန် စုဝေးကြသော မြို့ရွာအသီးသီးတို့မှ လူအုပ်ကြီးသည် ယေရှုထံတော်သို့ ရောက်ရှိလာကြသောအခါ ယေရှုက ပုံဥပမာအားဖြင့် မိန့်တော်မူသည်မှာ Common Language Bible အမြို့မြို့မှလာကြသောလူအပေါင်းတို့သည် အထံတော်တွင်စုရုံးလျက်နေကြစဉ်ကိုယ် တော်သည်ပုံဥပမာဆောင်၍၊- Garrad Bible ကြီး စွာ သော လူ ပ ရိတ် သတ် သည် အ မြို့ မြို့ မှ အ ထံ တော် သို့ စု ရုံး ရောက် လာ ကြ သော် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊ Judson Bible များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊- မြန်မာ့စံမီသမ္မာကျမ်း များစွာသောလူထုပရိသတ်တို့သည် စုရုံးလာကြ၍ မြို့ရွာအရပ်ရပ်မှလူတို့သည်လည်း အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ပုံဥပမာကိုဆောင်လျက် မြွက်ဆိုတော်မူသည်မှာ မြန်မာ များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊- |
“လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင် ကျသဖြင့် ထိုမျိုးစေ့တို့ကို လူများကျော်နင်း၍ ငှက်များကောက်စားကြ၏။