လုကာ 8:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပုံဥပမာ၏အဓိပ္ပာယ်မှာ မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ Common Language Bible ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။- Garrad Bible ဆို ခဲ့ သော ဥ ပ မာ အ ဓိ ပ္ပါယ် ကား မျိုး စေ့ သည် ဘု ရား သ ခင့် တ ရား တော် ဖြစ်၏။ Judson Bible ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ပုံဥပမာ၏အဓိပ္ပာယ်ကား ဤသို့ဖြစ်၏။ မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ မြန်မာ ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- |
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
ထို့နောက် ယေရှုက “သင်တို့သည် ဤပုံဥပမာကိုပင် နားမလည်လျှင် အခြားပုံဥပမာများကို မည်သို့နားလည်ကြမည်နည်း။
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသောသူကို ဆိုလို၏။ သို့သော်လည်း ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းသို့ မရောက်စေရန် မာရ်နတ်သည် လာ၍ သူ၏စိတ်နှလုံးထဲမှ ထိုတရားစကားကို နုတ်ယူလေ၏။
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။