ထိုသူတို့က “ဘုရားသခင်၏သားတော်… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်မတိုင်မီ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ဤနေရာသို့ ကြွလာတော်မူသလော” ဟူ၍ ယေရှုကို အော်ဟစ်ပြောဆိုကြ၏။
လုကာ 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမှတစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်၏ထိပ်၌ ရပ်စေတော်မူပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ ခုန်ချလော့။ Common Language Bible မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။- Garrad Bible ထို နောက် ကိုယ် တော် ကို ယေ ရု ရှ လင် မြို့ သို့ ပို့ ဆောင်၍ ဗိ မာန် တော် အ ထွဋ် တွင် ထား ပြီး သော် ကိုယ် တော် ကို စောင့် ထိန်း ကြ စေ ရန် စေ တ မန် တော် တို့ အား မှာ ထား တော် မူ မည် ဟူ၍ လည်း ကောင်း၊ ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန် ချီ ပင့် ရ ကြ လိမ့် မည် ဟူ၍ လည်း ကောင်း ကျမ်း ဆို ရှိ သ ဖြင့် ဘု ရား သ ခင့် သား တော် မှန် လျှင် ကိုယ် ကို ဤ မှ ချ လိုက် တော် မူ ပါ ဟု လျှောက် ရာ၊ Judson Bible တစ်ဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ရပ်စေပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ခုန်ချပါ။ မြန်မာ တစ်ဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊- |
ထိုသူတို့က “ဘုရားသခင်၏သားတော်… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်မတိုင်မီ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ဤနေရာသို့ ကြွလာတော်မူသလော” ဟူ၍ ယေရှုကို အော်ဟစ်ပြောဆိုကြ၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာတွင် ရေးသားထားသည်မှာ ‘ဘုရားသခင်သည် ကောင်းကင်တမန်များအား သင့်ကိုစောင့်ရှောက်ရန် မှာထားတော်မူလိမ့်မည်။
ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။