မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
လုကာ 4:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဂါလိလဲပြည်၊ ကပေရနောင်မြို့သို့ ကြွတော်မူ၍ ဥပုသ်နေ့တိုင်း တရားနာပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။- Garrad Bible ဂါ လိ လဲ နယ် က ပေ ရ နောင် မြို့ သို့ ရောက်၍ ဥ ပုသ် နေ့ တွင် ဒေ သ နာ ပေး တော် မူ စဉ်၊ Judson Bible ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့သို့ဆင်းသွား၍ ဥပုသ်နေ့၌ လူတို့ကိုသွန်သင်တော်မူ၏။ မြန်မာ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။- |
မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
ပေါလုသည် ဥပုသ်နေ့တိုင်း ဂျူးဝတ်ပြုဆောင်၌ တရားဆွေးနွေး၍ ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများ ယုံကြည်လာရန် စည်းရုံးလျက်နေ၏။