ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
လုကာ 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။ Common Language Bible ထိုအခါမာရ်နတ်က ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်ပါလျှင်ဤကျောက်ခဲကိုမုန့် ဖြစ်စေရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ Garrad Bible မာရ် နတ် က၊ ဘု ရား သ ခင့် သား တော် မှန် လျှင် ဤ ကျောက် ခဲ ကို မုန့် ဖြစ် စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။ မြန်မာ မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- |
ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုနေရာ၌ ယေရှုသည် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကို ရက်ပေါင်းလေးဆယ် ခံတော်မူ၍ မည်သည့်အစားအစာကိုမျှ မစားဘဲနေတော်မူ၏။ ထိုနေ့ရက်များ ကုန်ဆုံးသောအခါ ယေရှုသည် အလွန်ဆာလောင်တော်မူ၏။
ယေရှုကလည်း “ကျမ်းစာ၌ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်ရသည်မဟုတ်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။