အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
လုကာ 23:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမှုကို အတူတကွ လာရောက်ကြည့်ရှုကြသော လူထုအားလုံးသည် ဤအဖြစ်အပျက်ကို မြင်သောအခါ မိမိတို့၏ရင်ဘတ်များကိုထုလျက် လှည့်ပြန်သွားကြ၏။ Common Language Bible ဤအမှုအရာကိုကြည့်ရှုရန်လာကြကုန်သော လူပရိသတ်တို့သည် ထိုအဖြစ်အပျက်များကို မြင်သဖြင့် မိမိတို့ရင်ကိုတီးခတ်လျက်ပြန် ကြ၏။- Garrad Bible အ ကြည့် အ ရှု စု ရုံး လာ ရောက် သော လူ အ မြောက် အ မြား တို့ လည်း မြင် လျှင် ရင် တီး လျက် ပြန် သွား ကြ ၏။ Judson Bible ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအမှုအရာကိုကြည့်ရှုရန် စုဝေးလာကြသောလူထုပရိသတ်အပေါင်းတို့သည်လည်း ဤအဖြစ်အပျက်များကိုမြင်၍ ရင်ဘတ်စည်တီးလျက်ပြန်သွားကြ၏။ မြန်မာ ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။- |
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
လူတို့သည် ထိုမိန်းကလေးအတွက် ရင်ဘတ်ထုလျက် အလွန်ငိုကြွေးကြသော်လည်း ယေရှုက “မငိုကြွေးကြနှင့်။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူ၏။
သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။