“သူသည် တစ်ပါးသူတို့ကို ကယ်တင်၏။ မိမိကိုယ်ကိုယ်မူ မကယ်တင်နိုင်ပေ။ သူသည် အစ္စရေးတို့၏ရှင်ဘုရင် မဟုတ်သလော။ လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းလာလျှင် ငါတို့ သူ့ကို ယုံမည်။
လုကာ 23:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်သည် ဂျူးတို့၏ရှင်ဘုရင် မှန်လျှင် သင့်ကိုယ်သင်ကယ်လော့” ဟု ဆိုကြ၏။ Common Language Bible ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။ Judson Bible သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်လျှင် သင့်ကိုယ်သင်ကယ်တင်ပါ”ဟု ဆိုကြ၏။ မြန်မာ သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။- |
“သူသည် တစ်ပါးသူတို့ကို ကယ်တင်၏။ မိမိကိုယ်ကိုယ်မူ မကယ်တင်နိုင်ပေ။ သူသည် အစ္စရေးတို့၏ရှင်ဘုရင် မဟုတ်သလော။ လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းလာလျှင် ငါတို့ သူ့ကို ယုံမည်။
သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။
ယေရှုကို စွဲချက်တင်၍ ရေးထိုးထားသည့် ကမ္ပည်းမှာ “ဂျူးတို့၏ ရှင်ဘုရင်” ဟူ၍ ဖြစ်၏။
လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းခံရသောရာဇဝတ်သားနှစ်ဦးအနက် တစ်ဦးက ယေရှုအား “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်လော့။ ငါတို့ကိုလည်း ကယ်လော့” ဟု ကဲ့ရဲ့ပြောဆိုလေ၏။