ထို့နောက် စပျစ်ခြံပိုင်ရှင်သည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံ၏ ဦးခေါင်းကို ရိုက်နှက်၍ အရှက်ခွဲကြ၏။
လုကာ 20:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူသည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံကိုလည်း ရိုက်နှက်၍ အရှက်ခွဲပြီးမှ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။ Common Language Bible ထိုနောက်ဥယျာဉ်ရှင်သည်အခြားကျွန်တစ် ယောက်ကိုစေလွှတ်ပြန်၏။ သို့ရာတွင်ခြံသမား တို့သည်သူ့ကိုလည်းရိုက်၍အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။- Garrad Bible အ ခြား ကျွန် တစ် ယောက် ကို စေ လွှတ် ပြန် ရာ ရိုက် နှက် ရှုတ် ချ ပြီး လျှင် လက် ချည်း ပြန် လွှတ် ကြ၏။ Judson Bible နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။ မြန်မာ နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။- |
ထို့နောက် စပျစ်ခြံပိုင်ရှင်သည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံ၏ ဦးခေါင်းကို ရိုက်နှက်၍ အရှက်ခွဲကြ၏။
စပျစ်သီးဆွတ်ချိန် ရောက်သောအခါ အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်၍ စပျစ်သီးတချို့ကို တောင်းစေ၏။ သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံကို ရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။
တစ်ဖန် တတိယအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ ထိုသူကိုလည်း ဒဏ်ရာရစေပြီးမှ နှင်ထုတ်ကြ၏။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။