“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
လုကာ 19:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်တို့ရှေ့တွင် ရှိသောရွာသို့ သွားကြလော့။ မည်သူမျှ မစီးဖူးသောမြည်းကလေးတစ်ကောင်အား ကြိုးချည်ထားသည်ကို တွေ့မြင်လိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။ Common Language Bible ရွာကိုဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဘူးသေး သောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့်မည်။ ထိုမြည်းကိုကြိုးဖြင့်လှန်ထား၏။ ကြိုးဖြေ၍ မြည်းကိုယူခဲ့လော့။- Garrad Bible ရှေ့ ရွာ သို့ သွား၍ ဝင် လျှင် မည် သူ မျှ မ စီး ဘူး သော မြည်း ငယ် တစ် ကောင် ချည် ထား သည် ကို တွေ့ လိမ့် မည်။ ဖြည် ၍ ဆွဲ ခဲ့ ကြ။ Judson Bible သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဖူးသောမြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။- မြန်မာ့စံမီသမ္မာကျမ်း “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ရွာထဲသို့ဝင်သည်နှင့် မည်သူမျှမစီးဖူးသော မြည်းကလေးတစ်ကောင်ချည်ထားသည်ကို တွေ့ကြလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။ မြန်မာ သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဖူးသောမြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။- |
“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
သံလွင်ဟု အမည်တွင်သော တောင်အနီးရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်သောအခါ တပည့်တော်နှစ်ပါးအား သွားနှင့်စေ၍
တစ်စုံတစ်ဦးက ‘အဘယ်ကြောင့် မြည်းကလေးကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။
ထိုစေလွှတ်ခံရသောသူတို့သည် သွားကြသောအခါ ယေရှုမိန့်တော်မူသည့်အတိုင်း မြည်းကလေးကို တွေ့ကြ၏။
ထိုအခြင်းအရာများ ဖြစ်ပျက်လာသောအခါ သင်တို့ယုံကြည်ကြစေရန် မဖြစ်ပျက်မီကပင် ကြိုတင်၍ သင်တို့ကို ယခုငါပြောထားနှင့်ပြီ။