နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
လုကာ 18:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူများတို့က နာဇရက်မြို့သားယေရှု ဖြတ်ကြွကြောင်း သူ့အား ပြောပြကြ၏။ Common Language Bible လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။ Garrad Bible နာ ဇ ရက် မြို့ သား ယေ ရှု လျှောက် ကြွ သည် ကို ကြား ပြော ကြ သ ဖြင့်၊ Judson Bible နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း လူတို့ကနာဇရက်မြို့သားယေရှုဖြတ်သွားတော်မူကြောင်း သူ့အား ပြောပြကြလျှင် မြန်မာ နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- |
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။
ပိလတ်မင်းသည် “ဂျူးတို့၏ ရှင်ဘုရင်၊ နာဇရက်မြို့သားယေရှု” ဟု ရေးထိုးထားသောကမ္ပည်းကို လက်ဝါးကပ်တိုင်တွင် တပ်ထားစေ၏။
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “ငါသည် ကျေးဇူးပြုရန် သင့်လျော်သောအချိန်၌ သင့်စကားကို နားထောင်ခဲ့ပြီ။ ကယ်တင်သောနေ့ရက်၌ သင့်ကို ကူညီမစခဲ့ပြီ” ဟု မိန့်တော်မူခဲ့၏။ ယခုအချိန်သည် ကိုယ်တော်၏ကျေးဇူးပြုတော်မူခြင်းကို ခံစားရမည့်အချိန်ပင် ဖြစ်၏။ ယခုအချိန်သည် ကယ်တင်တော်မူရာနေ့ရက်ပင် ဖြစ်၏။