လုကာ 18:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “လူနှစ်ဦးသည် ဆုတောင်းရန် ဗိမာန်တော်သို့ သွားကြ၏။ တစ်ဦးမှာ ဖာရိရှဲဖြစ်၍ အခြားတစ်ဦးမှာ အခွန်ကောက်သူဖြစ်၏။ Common Language Bible ``လူနှစ်ယောက်သည်ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်က ဖာရိရှဲ၊ အခြားတစ်ယောက်ကအခွန်ခံသူ ဖြစ်၏။- Garrad Bible လူ နှစ် ဦး သည် ပ ဋ္ဌ နာ ပြု ရန် ဗိ မာန် တော် သို့ တက် ကြ ရာ တစ် ဦး ဖာ ရိ ရှဲ၊ တစ် ဦး အ ခွန် ကောက် ဖြစ်၏။ Judson Bible လူနှစ်ယောက်တို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း “လူနှစ်ဦးတို့သည် ဆုတောင်းရန် ဗိမာန်တော်သို့တက်သွားကြ၏။ တစ်ဦးသည် ဖာရိရှဲဖြစ်ပြီး အခြားတစ်ဦးသည် အခွန်ကောက်ခံသူဖြစ်၏။ မြန်မာ လူနှစ်ယောက်တို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။- |
“ကျမ်းစာတွင် ‘ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရမည်’ ဟု ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် အကျွန်ုပ်တို့၏ဘာသာတွင် စည်းကမ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် နေထိုင်ခဲ့ကြောင်း ထိုသူတို့သိထားကြသည်မှာ ကြာပြီဖြစ်၏။ သူတို့သည် ဆန္ဒရှိလျှင် ထိုအကြောင်းကို သက်သေခံနိုင်ပါ၏။
တစ်နေ့သောအခါ ဆုတောင်းရန်မွန်းလွဲသုံးနာရီအချိန်တွင် ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ သွားကြ၏။
ကျွန်ုပ်သည် ရှစ်ရက်မြောက်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူခဲ့၏။ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်၊ ဟေဗြဲလူမျိုးမှ ပေါက်ဖွားသော ဟေဗြဲလူမျိုးအစစ် ဖြစ်၏။ ပညတ်တရားကို လိုက်နာသော ဖာရိရှဲတစ်ဦး ဖြစ်ခဲ့၏။