ကြည့်ရှုလော့။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့သည် လိမ်ညာသူများသာဖြစ်၏။ ငါသည် သူတို့ကို သင်၏ ခြေရင်း၌ လာရောက်ဝပ်တွားခယစေ၍ သင့်ကို ငါချစ်ကြောင်း သူတို့အား သိစေမည်။
လုကာ 14:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သင်သည် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာ၌သာ ထိုင်လော့။ ထိုသို့ပြုလျှင် ပွဲရှင်သည် သင့်ကို မြင်သောအခါ ‘မိတ်ဆွေ… ရှေ့၌ နေရာရှိပါသည်’ ဟူ၍ ပြောလိမ့်မည်။ ထိုအခါ သင်နှင့်အတူထိုင်သော ဧည့်သည်အားလုံး ရှေ့တွင် သင်သည် ဂုဏ်အသရေရှိလိမ့်မည်။ Common Language Bible သို့ဖြစ်၍သင်သည်ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍အနိမ့်ကျဆုံးသောနေရာတွင် ထိုင်လော့။ သို့မှသာပွဲရှင်သည်သင့်ထံလာ၍ `အဆွေသာ၍ကောင်းသောနေရာသို့ကြွပါ' ဟုသင့်အားဆိုလိမ့်မည်။ ထိုအခါသင်သည် ဧည့်ပရိသတ်တို့၏ရှေ့တွင်ဂုဏ်အသရေ ရှိလိမ့်မည်။- Garrad Bible အ ဖိတ် ခံ ရ သည့် အ ခါ အ နိမ့် ဆုံး သော နေ ရာ သို့ သွား၍ ထိုင် နေ လော့။ ဖိတ် သူ လာ သော် အ ဆွေ မြင့် မြတ် သော နေ ရာ သို့ တက် ပါ ဟု ဆို သ ဖြင့် အ တူ စား ပွဲ ထိုင် ဘက် တို့ ရှေ့ ဂုဏ် အ သ ရေ ရ လိမ့် မည်။ Judson Bible သူတစ်ပါးတို့သည် သင့်ကို ခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာ၌ သွား၍ထိုင်လော့။ သို့ပြုလျှင် သင့်ကိုဖိတ်ခေါ်ထားသောသူသည်လာ၍ ‘မိတ်ဆွေ ရှေ့သို့ကြွပါ’ဟု သင့်အားဆိုလိမ့်မည်။ ထိုအခါ သင်သည် သင်နှင့်အတူထိုင်နေသောသူအားလုံးတို့ရှေ့၌ ဂုဏ်သရေရှိလိမ့်မည်။ မြန်မာ သူတစ်ပါးတို့သည် သင့်ကို ခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။- |
ကြည့်ရှုလော့။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့သည် လိမ်ညာသူများသာဖြစ်၏။ ငါသည် သူတို့ကို သင်၏ ခြေရင်း၌ လာရောက်ဝပ်တွားခယစေ၍ သင့်ကို ငါချစ်ကြောင်း သူတို့အား သိစေမည်။