ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
လုကာ 1:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမိန်းမပျိုသည် ဒါဝိဒ်မင်းအမျိုးမှ ဆင်းသက်သူဖြစ်သည့် ယောသပ်အမည်ရှိသောအမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းထားသူဖြစ်၏။ ထိုမိန်းမပျို၏အမည်မှာ မာရိဖြစ်၏။ Common Language Bible ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။- Judson Bible မယှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူဖြစ်ပြီး သူ၏နာမည်မှာ မာရိဖြစ်၏။ မြန်မာ မယှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။- |
ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ဂါဗြေလသည် မာရိထံသို့ ရောက်လာ၍ “ထာဝရဘုရား၏မျက်နှာသာပေးတော်မူခြင်းခံရသောအမျိုးသမီး… သင်သည် မင်္ဂလာရှိပါစေ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်” ဟု ဆို၏။