ရှင်ယောဟန် 8:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ကိုယ့်ဘုန်းအသရေကို မရှာ။ သို့သော်လည်း ဘုရားသခင်သည် ငါ့အတွက် ဘုန်းအသရေကိုရှာတော်မူ၏။ ဘုရားသခင်သည် စစ်မှန်သောတရားစီရင်သူဖြစ်တော်မူ၏။ Common Language Bible ငါသည်မိမိဘုန်းအသရေကိုမရှာ။ ငါ့ ဘုန်းအသရေကိုရှာ၍ငါ့ဘက်မှစစ်ကြော စီရင်တော်မူသောအရှင်တစ်ပါးရှိ၏။- Garrad Bible သို့ရာတွင်ငါသည် ကိုယ့်ဂုဏ်ကိုရှာသည်မဟုတ်။ ငါ့ဂုဏ်ကိုရှာ၍ဆုံးဖြတ်သောအရှင်တစ်ပါးရှိ၏။ Judson Bible ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။ မြန်မာ ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။- |
ခမည်းတော် ရှေ့မှောက်တွင် ငါသည် သင်တို့အား ပြစ်တင်စွပ်စွဲလိမ့်မည်ဟု မထင်ကြနှင့်။ သင်တို့ကို ပြစ်တင်စွပ်စွဲမည့်သူမှာ သင်တို့ ကိုးစားသော မောရှေပင်ဖြစ်၏။
မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။
ယေရှုက “ငါသည် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ကို ဘုန်းကြီးစေသောအရှင်သည် ငါ့ခမည်းတော်ဖြစ်၏။ သင်တို့က ထိုအရှင်ကို ‘ငါတို့၏ ဘုရားသခင်’ ဟု ဆိုကြ၏။