ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ရှင်ယောဟန် 6:68 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။ Common Language Bible ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။- Garrad Bible ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သူ့ထံသွားရပါအံ့နည်း။ ကိုယ်တော်သာလျှင်ထာဝရအသက်ဆိုင်ရာဒေသနာကို ဟောတော်မူသဖြင့်၊ Judson Bible ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။ မြန်မာ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။- |
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထိုအခါ ယေရှုက “သင်တို့သည်လည်း ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ဘုရားသခင်၏ခရစ်တော် ဖြစ်တော်မူ၏” ဟု လျှောက်လေ၏။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိဆန္ဒအတိုင်း ဟောပြောသည်မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင်က မည်သည့်အရာကို ဟောပြောရမည်၊ မည်သို့ဟောပြောရမည်ကို ငါ့ကို အမိန့်ပေးတော်မူ၏။
ခမည်းတော်၏ အမိန့်တော်သည် ထာဝရအသက်ရစေသည်ကို ငါသိ၏။ ထို့ကြောင့် ခမည်းတော်ဟောပြောစေလိုသည့်အတိုင်း ငါဟောပြော၏” ဟု ကြွေးကြော်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောတရားတော်ကို အကျွန်ုပ်သည် ထိုသူတို့အား ပေး၍ သူတို့သည် ခံယူရရှိကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်ထံမှ လာကြောင်းကို သူတို့သည် အမှန်ပင်သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ယုံကြည်ကြပါ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
အို အာဗြဟံ၏မျိုးဆက် ညီအစ်ကိုမောင်နှမတို့မှစ၍ ဘုရားသခင်ကို ကိုးကွယ်ကြသောလူမျိုးခြားတို့… ဘုရားသခင်သည် ဤကယ်တင်ခြင်းတရားတော်ကို ငါတို့ထံ ပေးပို့တော်မူ၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အောက်တွင် ထိုအရှင်၏အမည်နာမမှတစ်ပါး ကျွန်ုပ်တို့ကို ကယ်တင်နိုင်သောအခြားအမည်နာမ မရှိပါ” ဟု ဖြေဆိုလေ၏။
“ဗိမာန်တော်သို့ သွား၍ အသက်ရှင်ခြင်းတရားစကားအားလုံးကို လူတို့အား ပြောပြကြလော့” ဟု ဆိုလေ၏။
သူသည် သိနာတောင်တွင် သူ့အား စကားပြောသော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုးဘေးများနှင့်လည်းကောင်း၊ တောကန္တာရတွင် စုဝေးသောလူတို့နှင့်လည်းကောင်း ရှိခဲ့သောသူဖြစ်၏။ သူသည် ကျွန်ုပ်တို့အား ပေးအပ်ရန် အသက်ရှင်စေသော ဗျာဒိတ်တော်ကို လက်ခံရရှိလေ၏။
ဖိလိပ္ပုက “သင့်စိတ်နှလုံးထဲမှ အကြွင်းမဲ့ ယုံကြည်ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်က “ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလေ၏။