ရှင်ယောဟန် 6:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အိုင်တစ်ဖက်ကမ်းတွင် ယေရှုကို တွေ့ကြသောအခါ သူတို့က “ဆရာတော်… မည်သည့်အချိန်တွင် ဤနေရာသို့ ရောက်တော်မူသနည်း” ဟု မေးလျှောက်ကြ၏။ Common Language Bible အိုင်တစ်ဖက်ကမ်းတွင်ကိုယ်တော်ကိုတွေ့ကြသော အခါလူပရိသတ်က ``ဆရာတော်၊ ကိုယ်တော်သည် ဤအရပ်သို့အဘယ်အခါကကြွလာတော်မူ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible အိုင့်တစ်ဘက်တွင်တွေ့ကြသော် ဆရာတော်၊ မည်သည့်အခါရောက်တော်မူပါသနည်းဟု မေးလျှောက်ကြရာ၊ Judson Bible အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။ မြန်မာ အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- |
ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ထိုစဉ် တပည့်တော်တို့က ယေရှုအား “ဆရာတော်… အစာကို သုံးဆောင်တော်မူပါ” ဟု တောင်းပန်ကြ၏။