သို့သော် ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ရှိပါသည်။ ဤလူအားလုံးအတွက် အစားအစာများကို သွား၍ ဝယ်ရပါမည်လော” ဟု လျှောက်ကြ၏။
ရှင်ယောဟန် 4:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်သည် တပည့်တော်တို့မှာ အစားအစာဝယ်ရန် မြို့ထဲသို့ သွားနေခိုက်ဖြစ်၏။ Common Language Bible (တပည့်တော်တို့သည်အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။) Garrad Bible တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနှင့်ကြသတည်း။ Judson Bible အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။ မြန်မာ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။- |
သို့သော် ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ရှိပါသည်။ ဤလူအားလုံးအတွက် အစားအစာများကို သွား၍ ဝယ်ရပါမည်လော” ဟု လျှောက်ကြ၏။
ထိုအချိန်၌ တပည့်တော်တို့သည် ပြန်ရောက်လာကြ၏။ ယေရှုသည် အမျိုးသမီးတစ်ဦးနှင့် စကားပြောတော်မူသည်ကို တပည့်တော်တို့မြင်သောအခါ အံ့သြကြ၏။ သို့သော်လည်း “မည်သည့်အရာ အလိုရှိတော်မူသနည်း” သို့မဟုတ် “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် ပြောဆိုတော်မူသနည်း” ဟူ၍ မည်သူမျှ မမေးဝံ့ကြပေ။
ရှမာရိအမျိုးသမီးက “သူသည် ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူဖြစ်၏” ဟု ဆိုသဖြင့် ထိုမြို့၌ နေသော ရှမာရိလူမျိုးများစွာသည် ယေရှုကို ယုံကြည်လာကြ၏။
ဤသို့ဖြင့် ရှမာရိပြည်ရှိ ရှုခါမြို့သို့ ရောက်တော်မူ၏။ ထိုမြို့သည် ယာကုပ်က သားဖြစ်သူယောသပ်အား ပေးခဲ့သောမြေကွက်အနီးတွင် တည်ရှိ၏။
ထိုစဉ် ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန် ရောက်လာ၏။ ယေရှုက “သောက်ရေအနည်းငယ်တိုက်ပါ” ဟု မိန့်တော်မူ၏။