ငါးကလေးအနည်းငယ်လည်း ရှိသဖြင့် ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် တပည့်တော်တို့အား ပေးဝေစေ၏။
ရှင်ယောဟန် 21:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားတပည့်တော်တို့သည် ကမ်းနှင့် မလှမ်းမကမ်း ကိုက်တစ်ရာခန့်သာ ကွာဝေးသောနေရာတွင် ရှိသဖြင့် ငါးအပြည့်ရှိသောပိုက်ကွန်ကို ဆွဲတင်လျက် လှေစီး၍ လာကြ၏။ Common Language Bible အခြားတပည့်တော်တို့မူကားကမ်းနှင့်မဝေး ဘဲကိုက်တစ်ရာခန့်သာကွာတော့သဖြင့် ငါး နှင့်ပြည့်နေသောကွန်ကိုဆွဲတင်လျက်လှေ နှင့်အတူလိုက်လာကြ၏။- Garrad Bible အခြားတပည့်တော်တို့မူကား ကမ်းနှင့်တောင်ရေနှစ်ရာခန့်သာကွာသောကြောင့် လှေငယ်ပေါ်ကနေ၍ ငါးနှင့်အပြည့်ရှိသောပိုက်ကိုဆွဲလျက်၊ Judson Bible အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အခြားတပည့်တော်တို့မူကား ကမ်းနှင့်မဝေးလှဘဲ ကိုက်တစ်ရာခန့်သာကွာသည့်နေရာ၌ရှိကြသောကြောင့် ငါးနှင့်ပြည့်နေသောပိုက်ကွန်ကိုဆွဲလျက် လှေငယ်ဖြင့်လာကြ၏။ မြန်မာ အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။- |
ငါးကလေးအနည်းငယ်လည်း ရှိသဖြင့် ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် တပည့်တော်တို့အား ပေးဝေစေ၏။
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က “ငါတို့၏ သခင်ပင်ဖြစ်သည်” ဟု ပေတရုအား ဆို၏။ ထိုစကားကို ကြားသောအခါ ပေတရုသည် မိမိချွတ်ထားသောအဝတ်ကို ခါး၌ ပတ်၍ ရေထဲသို့ ခုန်ဆင်းပြီးလျှင် ကမ်းစပ်သို့ ကူးလေ၏။
သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ မုန့်ကိုလည်းကောင်း၊ မီးခဲပေါ်တွင် ကင်ထားသောငါးကိုလည်းကောင်း တွေ့ကြ၏။