ပေတရုသည် လှည့်၍ ကြည့်သောအခါ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှ လိုက်လာသည်ကို မြင်၏။ ထိုတပည့်တော်မှာ ညစာစားသောက်ခဲ့ကြစဉ်က ယေရှုပေါ်သို့ မှီ၍ “သခင်… သခင့်ကို သစ္စာဖောက်မည့်သူသည် မည်သူနည်း” ဟု မေးခဲ့သောသူဖြစ်၏။
ရှင်ယောဟန် 21:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက “သခင်… သူသည်ရော မည်သို့ဖြစ်မည်နည်း” ဟု မေးလျှောက်၏။ Common Language Bible ပေတရုသည်ထိုတပည့်တော်ကိုမြင်သောအခါ ``သခင်ဘုရား၊ ဤသူသည်လည်းအဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း'' ဟုမေးလျှောက်၏။ Garrad Bible ယေရှုအား အရှင်ဘုရား၊ ဤသူကားမည်သို့နည်းဟုလျှောက်ရာ၊ Judson Bible သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုတပည့်တော်ကိုမြင်သောအခါ ပေတရုက “သခင်ဘုရား၊ ဤသူကား မည်သို့ဖြစ်မည်နည်း”ဟု ယေရှုအား မေးလျှောက်၏။ မြန်မာ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊- |
ပေတရုသည် လှည့်၍ ကြည့်သောအခါ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှ လိုက်လာသည်ကို မြင်၏။ ထိုတပည့်တော်မှာ ညစာစားသောက်ခဲ့ကြစဉ်က ယေရှုပေါ်သို့ မှီ၍ “သခင်… သခင့်ကို သစ္စာဖောက်မည့်သူသည် မည်သူနည်း” ဟု မေးခဲ့သောသူဖြစ်၏။
ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။