ထို့နောက် တပည့်တော်နှစ်ဦးသည် တောရွာသို့ လမ်းလျှောက်၍ သွားနေကြစဉ် ယေရှုသည် ခြားနားသောအသွင်ဖြင့် သူတို့ကို ကိုယ်ထင်ပြတော်မူ၏။
ရှင်ယောဟန် 21:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့ကို ဤသို့ကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်မြောက်ဖြစ်၏။ Common Language Bible သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။ Garrad Bible သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ထိုသို့ထင်ရှားတော်မူသည်မှာ တတိယအကြိမ်တည်း။ Judson Bible ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။ မြန်မာ ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။ |
ထို့နောက် တပည့်တော်နှစ်ဦးသည် တောရွာသို့ လမ်းလျှောက်၍ သွားနေကြစဉ် ယေရှုသည် ခြားနားသောအသွင်ဖြင့် သူတို့ကို ကိုယ်ထင်ပြတော်မူ၏။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ထို့နောက် ယေရှုသည် ဂါလိလဲအိုင်အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။
အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။