သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 16:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့ကို မေးမြန်းကြလိမ့်မည်မဟုတ်။ ငါအမှန်ဆိုရလျှင် သင်တို့သည် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းသမျှကို ခမည်းတော်သည် ပေးတော်မူလိမ့်မည်။ Common Language Bible ``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။- Garrad Bible ထိုနေ့ရက်ကာလ၌သင်တို့သည်ငါ့ကိုမေးလျှောက်ရကြတော့မည်မဟုတ်။ ငါဧကန်အမှန်ဆိုသည်ကား ခမည်းတော့်ထံ မည်သည်ကိုမဆိုသင်တို့တောင်းလျှောက်လျှင် ငါ့နာမ၌သနားတော်မူလိမ့်မည်။ Judson Bible ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့အားမေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် တစ်စုံတစ်ခုကို ငါ၏နာမ၌ ခမည်းတော်ထံ တောင်းလျှောက်ကြလျှင် ခမည်းတော်သည်ပေးတော်မူမည်။ မြန်မာ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။- |
သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
တောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာကြလော့။ ရှာလျှင်တွေ့လိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်ပေးလိမ့်မည်။
ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ယုဒရှကာရုတ် မဟုတ်သော အခြားယုဒက ကိုယ်တော်အား “သခင်… သခင်သည် အကျွန်ုပ်တို့ကိုသာ ကိုယ်ထင်ပြ၍ လောကီသားတို့ကို အဘယ်ကြောင့် ကိုယ်ထင်မပြဘဲ နေတော်မူမည်နည်း” ဟု လျှောက်၏။
သောမက “သခင်… အကျွန်ုပ်တို့မသိပါ။ သခင်သည် အဘယ်အရပ်သို့ သွားမည်ကို အကျွန်ုပ်တို့မသိသောကြောင့် လမ်းခရီးကိုလည်း မည်သို့သိနိုင်ပါမည်နည်း” ဟု လျှောက်၏။
သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။
ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။
ထိုအချိန်၌ သင်တို့သည် ငါ့နာမကို အမှီပြု၍ တောင်းကြလိမ့်မည်။ သို့ရာတွင် ငါသည် ခမည်းတော်ထံ သင်တို့ကိုယ်စား တောင်းပေးမည်ဟု မဆို။
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။