ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
ရှင်ယောဟန် 15:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်း မုန်း၏။ Common Language Bible ငါ့ကိုမုန်းသောသူသည်ငါ့ခမည်းတော်ကို လည်းမုန်း၏။- Garrad Bible ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်းရာရောက်၏။ Judson Bible ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်း၏။ မြန်မာ ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။- |
ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
ငါသည် သူတို့ရှေ့တွင် မည်သူမျှမပြုနိုင်သည့် နိမိတ်လက္ခဏာများကို မပြုဘဲနေခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် ငါပြုသည့် နိမိတ်လက္ခဏာများကို တွေ့မြင်လျက်နှင့် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မုန်းကြ၏။
သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။
ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။