လူများစွာတို့သည် ယေရှုထံတော်သို့ ရောက်လာကြ၏။ သူတို့က “ယောဟန်သည် နိမိတ်လက္ခဏာများကို မပြုခဲ့ပါ။ သို့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောခဲ့သမျှသည် မှန်ကန်၏” ဟု ပြောဆိုကြ၏။
ရှင်ယောဟန် 11:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မာရိထံသို့ လာကြသည့် ဂျူးလူမျိုးများစွာတို့သည် ထိုအဖြစ်အပျက်ကို တွေ့မြင်ကြသောအခါ ယေရှုကို ယုံကြည်လာကြ၏။ Common Language Bible ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။- Garrad Bible ထို့ကြောင့် မာရိထံလာရောက်၍ ပြုတော်မူသောအမှုကိုကြည့်မြင်သောယုဒလူမျိုးအများသည် ကိုယ်တော်ကိုယုံကြည်ကြ၏။ Judson Bible ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ မြန်မာ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- |
လူများစွာတို့သည် ယေရှုထံတော်သို့ ရောက်လာကြ၏။ သူတို့က “ယောဟန်သည် နိမိတ်လက္ခဏာများကို မပြုခဲ့ပါ။ သို့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောခဲ့သမျှသည် မှန်ကန်၏” ဟု ပြောဆိုကြ၏။
ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။
မာရိကို နှစ်သိမ့်ရန် အိမ်၌ ရောက်ရှိနေကြသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကို တွေ့မြင်ကြ၏။ သူတို့က မာရိသည် လာဇရု၏ သင်္ချိုင်းသို့ သွား၍ ငိုကြွေးမည်ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် သူတို့သည် မာရိနောက်သို့ လိုက်သွားကြ၏။
မည်သို့ပင်ဖြစ်စေ ဂျူးခေါင်းဆောင်များအပါအဝင် လူများစွာတို့သည် ယေရှုကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့အား ဖာရိရှဲတို့က ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ကို စိုးသဖြင့် သူတို့သည် လူတို့ရှေ့၌ ဝန်မခံကြ။
ဂျေရုဆလင်မြို့ ပသခါပွဲတော်အတွင်း ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာများကို မြင်တွေ့သောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ယုံကြည်လာကြ၏။
သို့ရာတွင် လူထုအထဲမှ အများအပြားတို့သည် ယေရှုကို ယုံကြည်ကြသဖြင့် “ခရစ်တော်ကြွလာသောအခါ ဤသူ ပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာများကို ပြုတော်မူမည်လော” ဟု ပြောဆိုကြ၏။