ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။
ရှင်ယောဟန် 11:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အနီးတွင်ရပ်နေသောဂျူးလူမျိုးတို့က “ကြည့်ပါ။ သူသည် လာဇရုကို အလွန်ချစ်၏” ဟု ပြောဆိုကြ၏။ Common Language Bible ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။- Garrad Bible ယုဒလူမျိုးတို့က မည်မျှချစ်သည်ကိုကြည့်ကြပါဟုဆိုကြ၏။ Judson Bible ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။ မြန်မာ ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- |
ဂျူးလူမျိုးများစွာသည်လည်း မောင်ဖြစ်သူကို ဆုံးရှုံးသော မာသနှင့်မာရိတို့ကို နှစ်သိမ့်ရန် လာကြ၏။
ထိုညီအစ်မနှစ်ဦးက “သခင်… သခင်ချစ်တော်မူသောသူသည် အပြင်းဖျားလျက်ရှိပါ၏” ဟု ယေရှုထံတော်သို့ သတင်းပို့ကြ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ခင်ပွန်းသည်တို့… ခရစ်တော်သည် အသင်းတော်ကို ချစ်သောကြောင့် အသင်းတော်အတွက် အသက်ပေးတော်မူသကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။