သင်၏ မျက်စိသည် သင့်ကို အပြစ်ကျူးလွန်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ မျက်စိနှစ်ဖက်နှင့် ငရဲမီးထဲသို့ ချခံရခြင်းထက် မျက်စိတစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။
ရှင်မာကု 9:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏ မျက်စိသည် သင့်ကို အပြစ်ကျူးလွန်စေပါက ထိုမျက်စိကို ထုတ်ပစ်လော့။ မျက်စိအစုံနှင့် ငရဲထဲသို့ ချခံရခြင်းထက် မျက်စိတစ်ဖက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရခြင်းသည် ပို၍ ကောင်း၏။ Common Language Bible သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက်ပြား စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့၊ မျက်စိတစ်စုံနှင့် ငရဲသို့ကျရသည်ထက် ဘုရားသခင်၏နိုင်ငံတော် သို့မျက်စိတစ်လုံးချို့တဲ့လျက်ဝင်ရသည်ကသာ၍ ကောင်း၏။- Garrad Bible မျက် စိ က တိုက် လဲ စေ လျှင် ထုတ် လော့။ ပိုး မ သေ မီး မ ငြိမ်း ရာ င ရဲ ထဲ သို့ မျက် စိ နှစ် လုံး ပါ လျက် ပစ် ချ ခံ ရ သည် ထက် မျက် စိ တစ် လုံး နှင့် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရ သော် ကောင်း သေး ၏။ Judson Bible သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။- မြန်မာ့စံမီသမ္မာကျမ်း သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးပါလျက် ငရဲထဲသို့ပစ်ချခြင်းခံရသည်ထက် မျက်စိတစ်လုံးနှင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။ မြန်မာ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။- |
သင်၏ မျက်စိသည် သင့်ကို အပြစ်ကျူးလွန်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ မျက်စိနှစ်ဖက်နှင့် ငရဲမီးထဲသို့ ချခံရခြင်းထက် မျက်စိတစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
သင်၏ လက်သည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်ပစ်လော့။ လက်အစုံနှင့် ထာဝရငရဲမီးထဲသို့ ချခံရခြင်းထက် လက်တစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။
“ငါ့ထံသို့လာသောသူသည် ငါ့ကိုချစ်သည်ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမများနှင့် မိမိအသက်ကို ပို၍ ချစ်သောသူဖြစ်လျှင် ထိုသူသည် ငါ့တပည့်မဖြစ်နိုင်။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ထိုအချိန်က သင်တို့သည် အလွန်ပျော်ရွှင်ခဲ့ကြ၏။ သို့သော် ထိုပျော်ရွှင်မှုသည် ယခုအဘယ်မှာနည်း။ ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏ မျက်စိကိုပင် ထုတ်၍ ကျွန်ုပ်အား လှူဒါန်းခဲ့ကြမည်ဟု ကျွန်ုပ်ပြောဝံ့၏။