ထို့နောက် ကပေရနောင်မြို့သို့ ရောက်ကြသောအခါ ဗိမာန်တော်အတွက်အခွန်ကောက်ခံသူတို့က ပေတရုထံသို့ လာ၍ “သင်တို့၏ ဆရာသည် ဗိမာန်တော်ခွန်ပေးဆောင်သလော” ဟု မေးမြန်းကြ၏။
ရှင်မာကု 9:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ ရောက်၍ အိမ်တွင် ရှိကြသောအခါ ယေရှုက တပည့်တော်တို့အား “သင်တို့သည် လမ်းတွင် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။- Garrad Bible က ပေ ရ နောင် မြို့ သို့ ရောက် ကြ၍ အိမ် တွင် ရှိ နေ တော် မူ သော် ကိုယ် တော် က ခ ရီး အ ကြား မည် သည့် အ ရာ ကို ဆွေး နွေး ကြ သ နည်း ဟု မေး တော် မူ ရာ၊ Judson Bible ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။ မြန်မာ ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊- |
ထို့နောက် ကပေရနောင်မြို့သို့ ရောက်ကြသောအခါ ဗိမာန်တော်အတွက်အခွန်ကောက်ခံသူတို့က ပေတရုထံသို့ လာ၍ “သင်တို့၏ ဆရာသည် ဗိမာန်တော်ခွန်ပေးဆောင်သလော” ဟု မေးမြန်းကြ၏။
ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။