ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် အလွန်ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိသစ္စာကို ထောက်ရှုသဖြင့် တောင်းဆိုသည့်အရာကို မငြင်းပယ်နိုင်ပေ။
ရှင်မာကု 6:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကြောင့် အာဏာသားတစ်ဦးအား ယောဟန်၏ဦးခေါင်းကို ယူလာရန် အမိန့်ပေး၍ ချက်ချင်း လွှတ်လိုက်၏။ ထိုသူသည်လည်း ထောင်သို့ သွား၍ ယောဟန်၏ ဦးခေါင်းကို ဖြတ်လေ၏။ Common Language Bible သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေး၍ ကိုယ်ရံတော်တပ်သားတစ်ယောက်ကို စေလွှတ်လိုက်၏။ တပ်သားသည်အကျဉ်းထောင်သို့ သွား၍ယောဟန်၏ဦးခေါင်းကိုဖြတ်၏။- Garrad Bible အ မှု ထမ်း တစ် ယောက် ကို ချက် ခြင်း စေ လွှတ်၍ ယော ဟန့် ဦး ခေါင်း ကို ယူ ခဲ့ စေ ရန် အ မိန့် ထုတ် ဆင့် သည့် အ တိုင်း ထို သူ သွား လျက် ထောင် အ တွင်း ဖြတ် ပြီး လျှင်၊ Judson Bible ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း အာဏာပါးကွက်သားတစ်ဦးကို ချက်ချင်းစေလွှတ်ကာ ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေးလေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်ပြီးလျှင် မြန်မာ ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။- |
ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် အလွန်ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိသစ္စာကို ထောက်ရှုသဖြင့် တောင်းဆိုသည့်အရာကို မငြင်းပယ်နိုင်ပေ။
ထို့နောက် ဦးခေါင်းကို လင်ပန်းဖြင့် ယူဆောင်လာပြီးနောက် မိန်းကလေးအား ပေးလေ၏။ မိန်းကလေးသည်လည်း ထိုဦးခေါင်းကို မိခင်အား ပေးလေ၏။