သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။
ရှင်မာကု 5:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယာဣရု အမည်ရှိသော ဂျူးဝတ်ပြုဆောင်မှူးတစ်ဦးသည် လာ၍ ယေရှုကို တွေ့မြင်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက် Common Language Bible ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။- Garrad Bible ယာ ဣ ရု အ မည် ရှိ သော ဓ မ္မာ ရုံ အုပ် တစ် ဦး သည် လာ ရောက် တွေ့ မြင် သော် ခြေ တော် ရင်း တွင် ပျပ် ဝပ် လျက်၊ Judson Bible ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- မြန်မာ့စံမီသမ္မာကျမ်း ယာဣရုအမည်ရှိသော ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံတစ်ဦးသည် ရောက်လာ၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ပျပ်ဝပ်ကာ မြန်မာ ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- |
သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။
ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော်ရှေ့တော်သို့ လာ၍ ဝပ်တွားခယလျက် အဖြစ်မှန်အကုန်အစင်ကို လျှောက်လေ၏။
ဝတ်ပြုဆောင်မှူးအိမ်သို့ ရောက်သောအခါ ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းနေကြသည်ကို မြင်တော်မူ၏။
ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ရှိမုန်ပေတရုသည် ယေရှု၏ခြေတော်ရင်း၌ ဒူးထောက်ပြီးလျှင် “သခင်… အကျွန်ုပ်သည် အပြစ်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။
ထိုသူသည် ယေရှုကို မြင်လျှင် ရှေ့တော်၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် “အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ထိုအခါ သူတို့အားလုံးက ဝတ်ပြုဆောင်မှူးသုဿင်ကို ဖမ်း၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်းသည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
ဂျူးဝတ်ပြုဆောင်မှူးဖြစ်သော ကရိပ္ပုသည် သူ၏အိမ်သူအိမ်သားများနှင့်တကွ သခင်ဘုရားကို ယုံကြည်၏။ အခြားသောကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ပေါလုဟောပြောသော တရားစကားများကို ကြား၍ ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
ကျွန်ုပ်ယောဟန်သည် ဤအကြောင်းအရာများကို မြင်ရ၊ ကြားရသောသူဖြစ်၏။ ထိုအကြောင်းအရာများကို မြင်ရ၊ ကြားရသောအခါ ၎င်းတို့ကို ကျွန်ုပ်အား ပြသသောကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ ခြေရင်း၌ ဝပ်တွားခယ၏။