သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။
ရှင်မာကု 5:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် နတ်ဆိုးက မိမိတို့ကို ထိုဒေသမှ နှင်ထုတ်တော်မမူရန် အနူးအညွှတ်တောင်းပန်လေ၏။ Common Language Bible မိမိတို့အားထိုဒေသမှနှင်ထုတ်တော်မမူရန် အတန်တန်တောင်းပန်လေ၏။ Garrad Bible ထို ပြည် မှ သူ တို့ ကို နှင် ထုတ် တော် မ မူ စေ ရန် များ စွာ တောင်း ပန် ၏။ Judson Bible ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိမိတို့ကို ထိုအရပ်ဒေသမှနှင်ထုတ်တော်မမူရန် ကိုယ်တော်အား အနူးအညွတ်တောင်းပန်လေ၏။ မြန်မာ ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။ |
သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။
ယေရှုသည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့သည် ထိုလူအထဲမှ ထွက်ကာ ဝက်များအထဲသို့ ဝင်ကြသဖြင့် အရေအတွက်အားဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။