တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။
ရှင်မာကု 3:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ မိမိအလိုရှိသောသူတချို့ကို ခေါ်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ထံသို့ လာကြ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။- Garrad Bible ထို နောက် တောင် ပေါ် သို့ တက် ကြွ ပြီး လျှင် အ လို တော် ရှိ သူ တို့ ကို ခေါ် တော် မူ သည့် အ တိုင်း အ ထံ တော် သို့ လာ ရောက် ကြ သော်၊ Judson Bible ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်သွား၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင် သူတို့သည် အထံတော်သို့လာကြ၏။ မြန်မာ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- |
တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။
ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို ရွေးချယ်၍ တမန်တော်များဟု သတ်မှတ်ခေါ်ဝေါ်တော်မူ၏။ ထို့နောက် သူတို့အား “ငါ့အနားတွင် ရှိနေစေရန် သင်တို့ကို ငါရွေးချယ်ခန့်ထား၏။ တရားဟောရန်အတွက် သင်တို့ကို ငါစေလွှတ်မည်။ နတ်ဆိုးနှင်ထုတ်နိုင်သောအခွင့်အာဏာကိုလည်း ငါပေးမည်” ဟု မိန့်တော်မူ၏။
တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။
တစ်နေ့၌ ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါတို့ကို ပျောက်ကင်းစေနိုင်သောတန်ခိုးကို ပေးတော်မူ၏။