သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
ရှင်မာကု 2:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ Common Language Bible ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ Garrad Bible ဖာ ရိ ရှဲ တို့ က ထို သူ တို့ သည် ဥ ပုသ် နေ့ တွင် မ အပ် သော အ မှု ကို အ ဘယ် ကြောင့် ပြု ကြ ပါ သ နည်း ဟု မေး ကြ သော်၊ Judson Bible ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ မြန်မာ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊- |
သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
ထိုသို့ ကိုယ်တော်သည် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်တော်မူသည်ကို ဖာရိရှဲအဖွဲ့ဝင် ကျမ်းတတ်ဆရာတို့ မြင်သောအခါ “သူသည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း” ဟု တပည့်တော်တို့အား မေးကြ၏။
ယေရှုက “ယဇ်ပရောဟိတ်မင်းအဗျာသာ လက်ထက်၌ ဒါဝိဒ်မင်းသည် မိမိနှင့်နောက်လိုက်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့တစ်ခါမျှ မဖတ်ဖူးကြသလော။
“ဤလူသည် အဘယ်ကြောင့် ထိုသို့ပြောဆိုရသနည်း။ ဘုရားသခင်ကို စော်ကားသောစကားဖြစ်၏။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
အပြစ်သားများ၏ ဆန့်ကျင်ပုန်ကန်မှုကို ခံတော်မူသောကိုယ်တော်၏အကြောင်းကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့သည် စိတ်မပျက် အားမလျော့ဘဲ ရှိလိမ့်မည်။