မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။
ရှင်မာကု 15:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အနီးတွင် ရပ်နေသောလူတချို့သည် ထိုစကားကို ကြားလျှင် ယေရှုသည် ပရောဖက်ဧလိယကို ခေါ်သည်ဟု ထင်မှတ်ကြ၏။ Common Language Bible အနီးတွင်ရပ်နေသူလူအချို့တို့သည်ထို စကားကိုကြားလျှင် ``ကြည့်လော့။ သူသည် ဧလိယကိုခေါ်လျက်နေ၏'' ဟုဆိုကြ၏။- Garrad Bible ရပ် နေ သူ အ ချို့ တို့ ကြား သော်၊ နား ထောင် ကြ၊ ဧ လိ ယ ကို ခေါ် သည် ဟု ဆို ကြ သည် နှင့်၊ Judson Bible အနား၌ရပ်နေသော သူအချို့တို့သည် ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အနီး၌ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ကြည့်ပါ။ သူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။ မြန်မာ အနား၌ရပ်နေသော သူအချို့တို့သည် ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟု ဆိုကြ၏။- |
မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။
ထိုသူတို့ထဲမှ လူတစ်ဦးသည် ချက်ချင်းပြေး၍ အချဉ်ဖောက်ထားသောစပျစ်ဝိုင်၌ ရေမြှုပ်ကို နှစ်ပြီးလျှင် ကျူရိုးဖျား၌ ချည်လျက် ယေရှုသောက်ရန် ပေးလေ၏။ ထို့နောက် သူက “ရှိပါလေစေ။ ဧလိယသည် သူ့ကို လက်ဝါးကပ်တိုင်ပေါ်မှ အောက်သို့ ချရန် လာမည်မလာမည်ကို ကြည့်ကြစို့” ဟု ဆို၏။