ထိုအခါ ဒုတိယမြောက်ညီဖြစ်သူက ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ပြန်၏။ ထို့နောက် တတိယမြောက်ညီသည်လည်း ထိုအမျိုးသမီးကို ယူလေ၏။
ရှင်မာကု 12:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ညီအစ်ကိုခုနစ်ဦးလုံးသည် တစ်ဦးနောက်တစ်ဦး ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ကြ၏။ နောက်ဆုံး၌ ထိုအမျိုးသမီးသည်လည်း ကွယ်လွန်သွား၏။ Common Language Bible ဤသို့လျှင်ညီအစ်ကိုခုနစ်ယောက်စလုံး သားသမီးမရဘဲသေကြ၏။ နောက်ဆုံး၌ အမျိုးသမီးလည်းသေ၏။- Garrad Bible သ တ္တ မ လူ တိုင် အောင် သား မ ရ ဘဲ ပြု ကြ ပါ သည်။ နောက် ဆုံး၌ မိန်း မ လည်း သေ ပါ သည်။ Judson Bible ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ဦးစလုံးသည်မျိုးဆက်မထားခဲ့ဘဲ သေဆုံးကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။ မြန်မာ ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- |
ထိုအခါ ဒုတိယမြောက်ညီဖြစ်သူက ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ပြန်၏။ ထို့နောက် တတိယမြောက်ညီသည်လည်း ထိုအမျိုးသမီးကို ယူလေ၏။
ညီအစ်ကိုခုနစ်ဦးလုံးနှင့် ပေါင်းဖက်ခဲ့သူဖြစ်သောကြောင့် သေရာမှထမြောက်မည့်ကာလတွင် ထိုအမျိုးသမီးသည် မည်သူ၏ ဇနီးဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။