တစ်ခါက ညီအစ်ကို ခုနစ်ဦးရှိရာ အစ်ကိုကြီးသည် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ ကွယ်လွန်၏။
ရှင်မာကု 12:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဆရာတော်… မောရှေ၏ ပညတ်ကျမ်းထဲတွင် ဇနီးရှိသောလူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူက ထိုအမျိုးသမီးကို လက်ထပ်ယူ၍ အစ်ကိုဖြစ်သူ၏ မျိုးဆက်မပြတ်စေရန် ဆောင်ရွက်ရမည် ဟု ရေးထား၏။ Common Language Bible ``ဆရာတော်၊ `လူတစ်စုံတစ်ယောက်သည်သားသမီး မရဘဲသေဆုံးသွားလျှင် ကျန်ခဲ့သည့်ဇနီးကိုညီ ဖြစ်သူကဆက်ခံထိမ်းမြားရမည်။ အစ်ကို၏အမျိုး အနွယ်ကိုသူ၏ကိုယ်စားတိုးပွားစေရမည်' ဟု အကျွန်ုပ်တို့အားမောရှေမိန့်မှာခဲ့ပါသည်။- Garrad Bible ဆ ရာ၊ မော ရှေ က အစ် ကို ဖြစ် သူ သည် သား မ ရှိ ဘဲ သေ သ ဖြင့် မု ဆိုး မ ကျန် ရစ် လျှင် မု ဆိုး မ ကို ညီ သိမ်း ပိုက်၍ အစ် ကို အ ဖို့ အ မျိုး အ နွယ် ဖြစ် ပွား စေ ရ မည့် အ ကြောင်း ရေး ထား ခဲ့ ရာ၊ Judson Bible အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။- မြန်မာ့စံမီသမ္မာကျမ်း “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။ မြန်မာ အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။- |
တစ်ခါက ညီအစ်ကို ခုနစ်ဦးရှိရာ အစ်ကိုကြီးသည် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ ကွယ်လွန်၏။
ညီအစ်ကိုခုနစ်ဦးလုံးနှင့် ပေါင်းဖက်ခဲ့သူဖြစ်သောကြောင့် သေရာမှထမြောက်မည့်ကာလတွင် ထိုအမျိုးသမီးသည် မည်သူ၏ဇနီးဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။