ယေရှုသည် လူထုပရိသတ်တို့ကို မြင်တော်မူသောအခါ သူတို့ကို သနားကြင်နာသောစိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ အားကိုးရာမဲ့လျက် လမ်းပျောက်နေကြသောကြောင့်ဖြစ်၏။
ရှင်မာကု 1:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။- Garrad Bible ကိုယ် တော် သည် က ရု ဏာ သက် သ ဖြင့် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း၊ Judson Bible ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကြင်နာစိတ်ရှိတော်မူသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။- |
ယေရှုသည် လူထုပရိသတ်တို့ကို မြင်တော်မူသောအခါ သူတို့ကို သနားကြင်နာသောစိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ အားကိုးရာမဲ့လျက် လမ်းပျောက်နေကြသောကြောင့်ဖြစ်၏။
အနာကြီးရောဂါသည် တစ်ဦးသည် ယေရှုရှေ့တော်သို့ လာ၍ ဒူးထောက်လျက် ကုသပေးတော်မူရန် တောင်းပန်၏။ ထိုသူက “ကိုယ်တော်အလိုတော်ရှိပါက အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။
ကိုယ်တော်သည် မိန်းကလေး၏ လက်ကိုကိုင်တော်မူလျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်သောကြောင့် သနားကြင်နာစိတ်ရှိတော်မူ၏။ ထို့ကြောင့် သူတို့အား အကြောင်းအရာများစွာကို ဟောပြောသွန်သင်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။