မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ရောမ 6:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အသေခံခဲ့ပြီးဖြစ်၍ ခရစ်တော်နှင့်အတူ အသက်ရှင်ရမည်ကို ယုံကြည်ကြ၏။ Common Language Bible ငါတို့သည်ခရစ်တော်နှင့်အတူသေကြပြီ ဖြစ်၍ကိုယ်တော်နှင့်အတူအသက်ရှင်ရ ကြမည်ကိုယုံကြည်ကြ၏။- Garrad Bible ခ ရစ် တော် နှင့် အ တူ သေ ပြီး ဖြစ် သည် မှန် လျှင် လည်း သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သော ခ ရစ် တော့် အ ပေါ် တွင် သေ ခြင်း တ ရား အုပ် စိုး ခွင့် ကို နောင် မ ရ သ ဖြင့် နောက် တစ် ဖန် သေ တော် မူ ရ မည် မ ဟုတ် ကြောင်း သိ သော ငါ တို့ သည် ကိုယ် တော် နှင့် အ တူ ရှင် လိမ့် မည် ဟု ယုံ ကြည် ကြ ၏။ Judson Bible ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်မည်ဟူ၍လည်း ယုံကြည်ကြ၏။ |
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။