ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ရောမ 15:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် လူမျိုးခြားတို့သည်လည်း မိမိတို့အား ကရုဏာထားတော်မူသော ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိုင်ရန် ဖြစ်၏။ ဤအရာသည် ကျမ်းစာ၌ “ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်တော်ကို လူမျိုးခြားများအလယ်၌ ချီးမွမ်း၍ အမည်နာမတော်ကိုလည်း သီဆိုချီးမွမ်းပါမည်” ဟု ရေးသားထားသည့်အတိုင်း ဖြစ်၏။ Judson Bible အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တစ်ပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားတို့သည်လည်း ကရုဏာတော်ကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်ဖြစ်၏။ ဤသည်ကား ကျမ်းစာ၌ “ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အထဲတွင် ကိုယ်တော်ကိုထောမနာပြု၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းသီဆိုပါမည်”ဟု ရေးထားသည့်အတိုင်းဖြစ်၏။ |
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ယခင်က သင်တို့သည် ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင်မူ အစ္စရေးလူမျိုးတို့၏ မနာခံခြင်းကြောင့် သင်တို့သည် ဘုရားသခင်၏သနားကြင်နာခြင်းကို ခံရကြ၏။
ဤသို့ဆိုသော် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်သလော။ လူမျိုးခြားတို့၏ဘုရားလည်း မဟုတ်သလော။ ဟုတ်ပါ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။