ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်ဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။
ရောမ 13:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကြောင့် အခွန်ကိုလည်း ပေးဆောင်ကြလော့။ အဘယ်ကြောင့်ဆိုသော် အစိုးရမင်းတို့သည် အုပ်ချုပ်ရန် အချိန်ပြည့်တာဝန်ယူထားသော ဘုရားသခင်၏ အစေခံများဖြစ်သောကြောင့်ပင်။ Common Language Bible ဤအကြောင်းကြောင့်သင်တို့သည်အခွန်ကိုပေး ရ၏။ အဘယ်ကြောင့်ဆိုသော်အစိုးရမင်းသည် မိမိ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်သော အခါ၌ ဘုရားသခင်၏အမှုတော်ကိုထမ်း ဆောင်သောကြောင့်တည်း။- Judson Bible ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းကြောင့် အခွန်များကိုလည်း သင်တို့ပေးဆောင်ကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှုကိုထမ်းဆောင်သူများဖြစ်ကြပြီး ထိုအမှုကို အစဉ်တစိုက်ဆောင်ရွက်နေကြ၏။ |
ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်ဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
သို့ဖြစ်၍ ပြစ်ဒဏ်ကို ကြောက်သောကြောင့်သာ မဟုတ်ဘဲ မိမိအသိစိတ်ကြောင့်လည်း သူ၏အုပ်ချုပ်မှုကို နာခံရမည်။
ပေးဆောင်ထိုက်သည်ကို ပေးဆောင်ကြလော့။ အခွန်ဆောင်စရာရှိလျှင် ပေးဆောင်ကြလော့။ အကောက်ဆောင်စရာရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူကို ကြောက်ရွံ့၍ ရိုသေထိုက်သူကို ရိုသေကြလော့။