ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ရောမ 13:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတိုင်း အစိုးရ၏ အမိန့်အာဏာကို နာခံကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာဟူသမျှသည် ဘုရားသခင်ထံမှ လာသောကြောင့်ဖြစ်၏။ အုပ်စိုးလျက်ရှိသော အာဏာများသည် ဘုရားသခင် ခန့်ထားတော်မူသည့်အာဏာများ ဖြစ်၏။ Common Language Bible လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။- Garrad Bible အ စိုး ရ မင်း တို့ အောက် လူ တိုင်း ဝန် ခံ လျက် ရှိ နေ စေ။ ဘု ရား သ ခင် နှင့် ကင်း၍ မည် သည့် အ စိုး ရ မျှ မ ရှိ သည် နှင့် အ ညီ၊ ယ ခု အ စိုး ရ တို့ ကို ဘု ရား သ ခင် ခန့် ထား တော် မူ ၏။ Judson Bible အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက် မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။ |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထိုအခါ ယေရှုက “သင့်ကို ဘုရားသခင် အခွင့်မပေးလျှင် သင်သည် ငါ့ကို မည်သို့မျှ မပြုနိုင်။ ထို့ကြောင့် ငါ့ကို သင့်ထံ အပ်နှံသောသူသည် ပို၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
မကောင်းမှု၏ အနိုင်ယူခြင်းကို မခံနှင့်။ ကောင်းမှုပြုခြင်းဖြင့် မကောင်းမှုကို အနိုင်ယူလော့။
ထို့ကြောင့် အစိုးရအာဏာကို ဆန့်ကျင်သောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲတော်မူခြင်းကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုသူတို့သည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။
ကျွန်ုပ်တို့သည် ဘုရားတရားကိုင်းရှိုင်းပြီး တည်ကြည်မှုရှိလျက် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန် ရှင်ဘုရင်များနှင့် အာဏာပိုင်များ အားလုံးအတွက်လည်း ဆုတောင်းပေးကြလော့။
အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို နာခံကြရန် ကရေတေကျွန်း၌ နေထိုင်ကြသောယုံကြည်သူတို့အား သတိပေးလော့။ သူတို့သည် နာခံ၍ ကောင်းမှုအမျိုးမျိုးကို အချိန်မရွေးပြုနိုင်ရန် အဆင်သင့်ဖြစ်နေရမည်။
ထိုနည်းတူ ဘုရားသခင်ထံမှ အိပ်မက်ရသည်ဟု မိမိကိုယ်ကိုယ်မှတ်ယူသူများသည် မိမိတို့၏ ကိုယ်ခန္ဓာကို ညစ်ညမ်းစေ၍ အာဏာတော်ကို ဖီဆန်လျက် ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုကြ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။