နတ်ဆိုးတို့က “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုပါက ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြ၏။
မဿဲ 8:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သွားကြလော့” ဟု မိန့်တော်မူ၏။ ထို့ကြောင့် နတ်ဆိုးတို့သည် ထိုသူတို့အထဲမှ ထွက်၍ ဝက်အုပ်ထဲသို့ ဝင်ကြ၏။ ထိုဝက်တစ်အုပ်လုံးသည် မတ်စောက်သောတောင်စောင်းအတိုင်း အိုင်ကမ်းပါးသို့ တစ်ဟုန်ထိုးပြေဆင်း၍ ရေနစ်သေဆုံးကြ၏။ Common Language Bible ကိုယ်တော်ကလည်း ``သွားကြလော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာတို့သည်ထိုသူတို့ထံမှထွက်ခွာ၍ ဝက်များ ကိုပူးဝင်ကြသဖြင့်ဝက်အုပ်တစ်အုပ်လုံးပင် ချောက် ကမ်းပါးအတိုင်းပြေးဆင်းကာအိုင်ထဲတွင်နစ်မြုပ် သေဆုံးကြ၏။ Garrad Bible နတ် များ လည်း ထွက် ခွာ ပြီး လျှင် ဝက် အုပ် ထဲ သို့ ဝင် ကြ သ ဖြင့် တစ် အုပ် လုံး သည် အိုင် ကမ်း စောက် ကို တစ် ဟုန် တည်း ပြေး ဆင်း၍ ရေ၌ သေ ဆုံး ကြ ၏။ Judson Bible သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သွားကြလော့”ဟု မိန့်တော်မူသဖြင့် သူတို့သည်ထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်တစ်အုပ်လုံးသည် တောင်ကမ်းပါးအတိုင်း ပင်လယ်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေထဲ၌သေဆုံးကြကုန်၏။ မြန်မာ သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။- |
နတ်ဆိုးတို့က “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုပါက ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြ၏။
ဝက်ကျောင်းသောသူတို့သည် မြို့သို့ ထွက်ပြေး၍ လူအပေါင်းတို့ကို ထိုနတ်ဆိုးပူးခံရသောသူတို့၌ ဖြစ်ပျက်ခဲ့သမျှအကြောင်းကို ပြောပြကြ၏။
ယေရှုသည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့သည် ထိုလူအထဲမှ ထွက်ကာ ဝက်များအထဲသို့ ဝင်ကြသဖြင့် အရေအတွက်အားဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
ထိုအခါ နတ်ဆိုးတို့သည် ထိုသူအထဲမှ ထွက်၍ ဝက်အုပ်ထဲသို့ ဝင်ကြ၏။ ထိုဝက်တစ်အုပ်လုံးသည် မတ်စောက်သောတောင်စောင်းအတိုင်း အိုင်ကမ်းပါးသို့ တစ်ဟုန်ထိုးပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
ထိုသူတို့သည် အရှင်၏တန်ခိုးတော်နှင့် အလိုတော်အရ ကြိုတင်စီမံတော်မူသည့်အတိုင်းဖြစ်လာရန် ထိုသို့ပြုလုပ်ကြခြင်းဖြစ်၏။