လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
မဿဲ 4:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်ပြီးလျှင် ကမ္ဘာလောကရှိ တိုင်းနိုင်ငံအားလုံးနှင့် ၎င်းတို့၏ ဘုန်းစည်းစိမ်အားလုံးကို ညွှန်ပြလေ၏။ Common Language Bible ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။- Garrad Bible တစ် ဖန် မာရ် နတ် သည် ကိုယ် တော် ကို အ လွန် မြင့် သော တောင် ပေါ် သို့ ခေါ် သွား၍ လော က နိုင် ငံ ရှိ သ မျှ ကို ဘုန်း စည်း စိမ် ပါ ပြ ပြီး သော်၊ Judson Bible တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ မြန်မာ တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- |
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်၌ ရပ်စေတော်မူပြီးလျှင်
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ဤလူကို ကျန်းမာစေခြင်းအမှုကဲ့သို့သော အမှုများထက် ပို၍ ကြီးမြတ်သော အမှုများကို ခမည်းတော်သည် သားတော်အား ပြတော်မူလိမ့်မည်။ ထိုအခါ သင်တို့သည် အမှန်ပင်အံ့အားသင့်ကြလိမ့်မည်။
ထို့ကြောင့် ကျမ်းစာ၌ “လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဂုဏ်အသရေသည်လည်း မြက်ပွင့်ကဲ့သို့ ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့၍ အပွင့်သည်လည်း ကြွေတတ်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။