ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
မဿဲ 28:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်တို့သည် ‘ကျွန်ုပ်တို့ ညအချိန် အိပ်ပျော်နေစဉ် ယေရှု၏တပည့်တော်များက လာ၍ အလောင်းကို ခိုးယူသွားကြပါသည်’ ဟု ထွက်ဆိုရမည်။ Common Language Bible ``ညဥ့်အခါငါတို့အိပ်ပျော်နေခိုက်ထိုသူ၏ တပည့်တို့သည်လာ၍အလောင်းကိုခိုးယူသွား ကြပါသည်'' ဟုပြောကြလော့။- Garrad Bible ညဉ့် အ ခါ အ ကျွန်ုပ် တို့ အိပ် ပျော် ခိုက် သူ့ တ ပည့် များ လာ၍ အ လောင်း ကို ခိုး သွား ပါ သည် ဟု သင် တို့ ဆို ကြ၊ Judson Bible ညအခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။- မြန်မာ့စံမီသမ္မာကျမ်း “ ‘ညအချိန် ငါတို့အိပ်ပျော်နေစဉ် သူ၏တပည့်တို့သည် လာ၍ အလောင်းကိုခိုးသွားကြသည်’ဟု ပြောကြလော့။ မြန်မာ ညအခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။- |
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်တို့သည် အကြီးအကဲတို့နှင့် စုဝေးတိုင်ပင်ကာ အစောင့်တပ်သားတို့အား လာဘ်ထိုးငွေအမြောက်အမြားပေး၍
ဘုရင်ခံက ဤအကြောင်းကို ကြားသိလျှင်လည်း သင်တို့ဒုက္ခမရောက်စေရန် သင်တို့ဘက်၌ ငါတို့ ရပ်တည်ပေးမည်” ဟု စေခိုင်းကြ၏။